အဖြစ်များသော ဝက်ခြံအမျိုးအစား (၅)မျိုးနှင့်ကုသဖြေရှင်းနည်းများ

အဖြစ်များသော ဝက်ခြံအမျိုးအစား (၅)မျိုးနှင့်ကုသဖြေရှင်းနည်းများ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe | ရေးသားသူ Dr. Sandar Lin အဖြစ်များသော ဝက်ခြံအမျိုးအစား (၅)မျိုးနှင့်ကုသဖြေရှင်း နည်းများ ဝက်ခြံအမျိုးအစား အမျိုးမျိုးကွဲပြားသည်ကို သင်သိပါသလား။ သင့်ဝက်ခြံသည် မည်သည့်ဝက်ခြံအမျိုးအစားဖြစ်သည်ကို သိပါ သလား။ တစ်ခါတရံတွင် သင့်ဝက်ခြံကို ပျောက်ကင်းအောင် ကုသရန် ခက်ခဲပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင့်ဝက်ခြံအမျိုးအစားအတွက် သင့်လျော်သောဖြေရှင်းနည်းကို အသုံးမပြုသောကြောင့် ဖြစ်ပါသည်။ အဖြစ်များသော ဝက်ခြံအမျိုးအစားနှင့် ကုသနည်းများကိုအောက်တွင် ဖော်ပြထားပါ သည်။ ဝက်ခြံအမျိုးအစားများ ဆားဝက်ခြံအမည်းဆံနှင့် ဝက်ခြံဖြူ (အဆီဖုဝက်ခြံ) ဝက်ခြံသည် အဆီနှင့် အရေပြားဆဲ(လ်) အသေများ စုပေါင်းပြီး ချွေးပေါက်ထိပ်တွင် ပိတ်ဆို့ရာမှ ဖြစ်ပေါ်လာသည်။ ထိုဆဲလ်အသေနှင့် အဆီလုံးများသည် အရေပြားအောက်တွင် ရှိနေပါက ဝက်ခြံဖြူဖြစ်ပြီး Close comedo ဟုခေါ် သည်။ Close comedoသည် အရေပြားပေါ်တွင် ပေါ်လာပြီး လေနှင့်ထိတွေ့၍ အမဲရောင်ဖြစ်သွားပါက open comedo (သို့) အမည်းဆံဟုခေါ်သည်။ အညစ်အကြေးများကြောင့် အမည်းရောင် ဖြစ်သွားခြင်းမဟုတ်ပါ...